DUBnSUB | Studio

ဉာဏ်ရည်တုနည်းပညာသည် အသံသရုပ်ဆောင်များနေရာတွင် အစားဝင်နိုင်မည်လား။

နောင်လာမည့်နှစ်အနည်းငယ်တွင် ဉာဏ်ရည်တုနည်းပညာသုံးလုပ်ငန်းသည် ယခုထက်တစ်ရှိန်ထိုးအောင်မြင်လာမည်ဟု တွက်ဆထားကြသည်။ ထိုနယ်ပယ်ရှိ လုပ်ငန်းစဥ်များကို ဆန်းသစ်ပြီး အလိုအလျောက်ဆောင်ရွက်နိုင်ရန် အားထုတ်ကြိုးစားနေသော Developer နှင့် ကွန်ပျူတာအချက်အလက်သိပ္ပံပညာရှင်အရေအတွက်သည် ကမ္ဘာကြီး၏နေရာစုံတွင် များသည်ထက်များလာပြီဖြစ်သည်။

သို့သော် လူသားတို့၏ခံစားချက်ပါဝင်မှု၊ တန်ဖိုးထားမှုနှင့် လေယူလေသိမ်းတို့ကို လိုအပ်လျက်ရှိသော တချို့လုပ်ဆောင်ချက်များသည် ထိုကဲ့သို့အစားထိုးရန် မဖြစ်နိုင်သေးပါ။ ထိုကဲ့သို့သော အလုပ်အကိုင်မျိုးမှာ လူသားနောက်ခံစကားပြောသူများသာဖြစ်သည်။

ထိုကြောင့် နောက်ခံအသံသရုပ်ဆောင်များသည် အဘယ်ကြောင့် ရေရှည်တည်မြဲနေသနည်း။

ကျွန်တော်တို့၏အသံများထဲတွင် စက်ပစ္စည်းများဖြင့် အစားထိုး၍မရသော လူသားဆန်ပြီး ခံစားချက်တို့နစ်ဝင်နေသော အစိတ်အပိုင်းများပါရှိနေသည်။ ပုံမှန်အားဖြင့် နားဆင်သူအတွက် အားမလိုအားမရစိတ်ဖြစ်သည်အထိ ငြီးငွေ့ဖွယ်ကောင်းနေမည်။ သင်အကြိုက်ဆုံး ကာတွန်းရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်း သို့မဟုတ် အသံသွင်းစာအုပ်တစ်အုပ်ကို စက်ရုပ်အသံဖြင့် နားထောင်နေရသည်ဟုတ် တွေးကြည့်ပါ။ စိတ်ပျက်စရာကြီးဖြစ်မနေဘူးလား။

လူအုပ်ကြီးတစ်ခုထဲမှာ မိမိသူငယ်ချင်းရဲ့ အသံကို မှတ်မိနေရခြင်းအကြောင်းအရင်းကို သင်စဥ်းစားကြည့်ဖူးပါသလား။ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးချင်းစီသည် စကားပြောရာတွင် မတူခြားနားသော လေယူလေသိမ်း၊ အသံအတက်အကျ၊ အဖြတ်အတောက်နှင့် အသံဩဇာတို့ကို ပိုင်ဆိုင်ကြပါသည်။ ထို့အပြင် ၎င်းအကြောင်းရင်းကြောင့်သာ ကျွန်တော်တို့အချင်းချင်းကြားတွင် တစ်ခုခုဆက်နွယ်နေသကဲ့သို့ ခံစားရစေပါသည်။ နောက် နှစ် ၂၀၊ ၃၀ ကြာသွားသော်လည်း စက်ပစ္စည်းများသည် ထိုကဲ့သို့စိတ်ကိုလှုပ်ခက်စေသည့် အသံမျိုးကို အတုခိုးရန်မဖြစ်နိုင်ပါ။

ထို့ကြောင့် စက်ရုပ်များကို လူတို့၏အသံတွင်ပါရှိသော အသံအရည်အသွေးနှင့် အသံအတက်အကျတို့အတိုင်း တစ်ပုံစံတည်းထွက်နိုင်ရန် စနစ်ထည့်သွင်း၍မရမချင်း အသံသရုပ်ဆောင်အလုပ်သည် ရေရှည်တည်တံ့နေဦးမည်ဖြစ်သည်။

Share via
Copy link