DUBnSUB | Studio

September 2020

ကြော်ငြာများအတွက် အသံသရုပ်ဆောင်တစ်ယောက်ဖြစ်အောင် မည်သို့လုပ်ရမည်နည်း။

နောက်ခံစကားပြောလောကတွင် ကြော်ငြာနောက်ခံစကားပြောခြင်းသည် အမြတ်အရဆုံးအမျိုးအစားထဲမှ တစ်ခုဖြစ်ပါသည်။ ကုန်ပစ္စည်းအမှတ်တံဆိပ်သတင်းစကားသည် ကမ္ဘာတစ်ဝှမ်းသို့ပျံ့နှံ့သွားရန် ထိုလုပ်ငန်းက အဓိကဖြစ်သည်။ နောက်ခံစကားပြောခြင်းသည် ကုမ္ပဏီ၏ ထုတ်ကုန်အကြောင်းဖြစ်စေ ဝန်ဆောင်မှုအကြောင်းဖြစ်စေ သတင်းအချက်အလက်များကို ဖြည့်စွက်ပေးနိုင်ပြီး သုံးစွဲဝယ်ယူသူများကို ဝယ်ယူလိုစိတ်ပေါ်လာစေသည်။ အဝတ်လျှော်စက်တစ်လုံးမှစလို့ ဇိမ်ခံအပန်းဖြေခရီးတစ်ခုထိ ရောင်းထွက်စေနိုင်သည်။ ဤကြော်ငြာများသည် ပုံမှန်အားဖြင့် တီဗီ၊ ရေဒီယို၊ အင်တာနက်၊ အင်တာနက်အသံဖိုင်များ သို့မဟုတ် ဖုန်းအက်ပလီကေးရှင်းများမှတစ်ဆင့် ထုတ်လွှင့်လေ့ရှိသည်။ အကယ်၍ နောက်ခံစကားပြောသူအဖြစ် စတင်လုပ်ကိုင်ရန် စဥ်းစားနေပါက ကြိုးစားမှုနှင့် ဇွဲရှိရမည့်အပြင် အောက်ပါအကြံပြုချက်များကလည်း ကူညီပေးနိုင်ပါသည်။ ၁။ လိုအပ်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုများ ကြော်ငြာနောက်ခံစကားပြောသရုပ်ဆောင်နယ်ပယ်ထဲသို့ ခြေမချမီ အသံသရုပ်ဆောင်တစ်ဦးဖြစ်လာစေရန် လိုအပ်သော အရည်အချင်းနှင့် ကျွမ်းကျင်မှုများအကြောင်းကို မဖြစ်မနေသိရှိနားလည်ထားရမည်။ မရှိမဖြစ်ပညာအရည်အချင်းဟူ၍ မလိုအပ်ပါ။ သို့သော် ဝါသနာကြီးသောအသံသရုပ်ဆောင်များသည် မိမိတို့၏ အလုပ်ချင်ဆုံးအလုပ်ကို လုပ်ကိုင်ခွင့်ရရန် အောက်ပါအချက်များကို …

ကြော်ငြာများအတွက် အသံသရုပ်ဆောင်တစ်ယောက်ဖြစ်အောင် မည်သို့လုပ်ရမည်နည်း။ Read More »

ဉာဏ်ရည်တုနည်းပညာသည် အသံသရုပ်ဆောင်များနေရာတွင် အစားဝင်နိုင်မည်လား။

နောင်လာမည့်နှစ်အနည်းငယ်တွင် ဉာဏ်ရည်တုနည်းပညာသုံးလုပ်ငန်းသည် ယခုထက်တစ်ရှိန်ထိုးအောင်မြင်လာမည်ဟု တွက်ဆထားကြသည်။ ထိုနယ်ပယ်ရှိ လုပ်ငန်းစဥ်များကို ဆန်းသစ်ပြီး အလိုအလျောက်ဆောင်ရွက်နိုင်ရန် အားထုတ်ကြိုးစားနေသော Developer နှင့် ကွန်ပျူတာအချက်အလက်သိပ္ပံပညာရှင်အရေအတွက်သည် ကမ္ဘာကြီး၏နေရာစုံတွင် များသည်ထက်များလာပြီဖြစ်သည်။ သို့သော် လူသားတို့၏ခံစားချက်ပါဝင်မှု၊ တန်ဖိုးထားမှုနှင့် လေယူလေသိမ်းတို့ကို လိုအပ်လျက်ရှိသော တချို့လုပ်ဆောင်ချက်များသည် ထိုကဲ့သို့အစားထိုးရန် မဖြစ်နိုင်သေးပါ။ ထိုကဲ့သို့သော အလုပ်အကိုင်မျိုးမှာ လူသားနောက်ခံစကားပြောသူများသာဖြစ်သည်။ ထိုကြောင့် နောက်ခံအသံသရုပ်ဆောင်များသည် အဘယ်ကြောင့် ရေရှည်တည်မြဲနေသနည်း။ ကျွန်တော်တို့၏အသံများထဲတွင် စက်ပစ္စည်းများဖြင့် အစားထိုး၍မရသော လူသားဆန်ပြီး ခံစားချက်တို့နစ်ဝင်နေသော အစိတ်အပိုင်းများပါရှိနေသည်။ ပုံမှန်အားဖြင့် နားဆင်သူအတွက် အားမလိုအားမရစိတ်ဖြစ်သည်အထိ ငြီးငွေ့ဖွယ်ကောင်းနေမည်။ သင်အကြိုက်ဆုံး ကာတွန်းရုပ်ရှင်၊ ရုပ်ရှင်ဇာတ်လမ်း သို့မဟုတ် အသံသွင်းစာအုပ်တစ်အုပ်ကို စက်ရုပ်အသံဖြင့် နားထောင်နေရသည်ဟုတ် တွေးကြည့်ပါ။ စိတ်ပျက်စရာကြီးဖြစ်မနေဘူးလား။ လူအုပ်ကြီးတစ်ခုထဲမှာ မိမိသူငယ်ချင်းရဲ့ အသံကို မှတ်မိနေရခြင်းအကြောင်းအရင်းကို သင်စဥ်းစားကြည့်ဖူးပါသလား။ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးချင်းစီသည် …

ဉာဏ်ရည်တုနည်းပညာသည် အသံသရုပ်ဆောင်များနေရာတွင် အစားဝင်နိုင်မည်လား။ Read More »

မူလဘာသာစကားတွင်ပါရှိသော အကြောင်းအရာများကို လူတို့ပိုနားလည်စေရန် စာတန်းထိုးခြင်းက မည်သို့ကူညီပေးသနည်း။

အင်တာနက်ပေါ်တွင် ဗီဒီယိုအသုံးပြုမှုက မုန်တိုင်းသဖွယ်တိုးတက်ပျံ့ပွားလာခဲ့သည်။ Cisco မှပြုလုပ်သော လေ့လာချက်အရ ၂၀၂၁ ခုနှစ်တွင် အင်တာနက်ဝင်ရောက်ကြည့်မှု၏ ၈၀ ရာခိုင်နှုန်းသည် ဗီဒီယိုများဖြစ်လာနိုင်သည်။ အင်တာနက်ပေါ်ရုပ်သံထုတ်လွှင့်သည့်ဝန်ဆောင်မှုအရေအတွက် များပြားလာသည်နှင့်အမျှ ဘာသာပြန်စာတန်းထိုးခြင်းနှင့် အလုံးစုံစာတန်းထိုးခြင်းတို့ကဲ့သို့သော ဘာသာပြန်ဝန်ဆောင်မှုများကို အသုံးစွဲမှုများပြားလာသည်။ သင်၏ဗီဒီယိုများတွင် စာတန်းထိုးထည့်သွင်းခြင်းသည် ဗီဒီယိုမှပေးလိုသော ဆိုလိုရင်းကို နားလည်လွယ်သောကြောင့် နိုင်ငံတကာအောင်မြင်မှုတွင် ပိုမိုလွယ်ကူစေသည်။ ရုပ်ရှင်များ၊ ရုပ်သံအစီအစဥ်များ၊ မှတ်တမ်းရုပ်ရှင်များ၊ သင်တန်းပို့ချဗီဒီယိုများနှင့် ဖန်တီးပြုလုပ်မျှဝေလိုက်သော အခြားအကြောင်းအရာအမျိုးအစားများအတွက် မှန်ကန်သောအချက်ဖြစ်သည်။ သို့သော် စာတန်းထိုးခြင်းသည် ဘာကြောင့်အရေးပါနေရသနည်း။ မူရင်းဘာသာစကားသုံး ဗီဒီယိုကို လူအများနားလည်စေရန် မည်သို့အထောက်အကူပြုသနည်း။ အကျိုးကျေးဇူးများထဲမှ တချို့ကို လေ့လာကြမည်။ ၁။ ဗီဒီယို၏ဆိုလိုရင်းကို ကြည့်ရှုသူမှနားလည်ခြင်း တချို့လူများသည် လက်တွေ့လုပ်ဆောင်သင်ယူကြသော်လည်း တချို့မှာ မျက်စိနှင့်မြင်မှ သင်ယူတတ်မြောက်ပြီး ဗီဒီယိုများမှတစ်ဆင့် သင်ယူရန်ပိုလိုလားကြသည်။ ထိုကြောင့် စာတန်ထိုးပါရှိသော ဗီဒီယိုတစ်ခုကိုကြည့်လျှင် …

မူလဘာသာစကားတွင်ပါရှိသော အကြောင်းအရာများကို လူတို့ပိုနားလည်စေရန် စာတန်းထိုးခြင်းက မည်သို့ကူညီပေးသနည်း။ Read More »

သင်၏လုပ်ငန်းအတွက် နောက်ခံစကားပြောကို ဘယ်လိုထည့်သွင်းမလဲ။

နောက်ခံစကားပြောခြင်းသည် ဗီဒီယိုတစ်ခု၏အောင်မြင်မှုအတွက် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ အကောင်းဆုံးအရည်အသွေးရှိသောရလဒ်မျိုးရရှိရန်အတွက် အစီအစဥ်ချခြင်း၊ စီမံခန့်ခွဲခြင်း၊ ညွှန်ကြားခြင်းတို့ လုပ်ဆောင်ရပြီး အချိန်နှင့် ငွေကြေးလည်းစိုက်ထုတ်ရသည်။ သင်ရည်ရွယ်သော ပရိသတ်အကြောင်း နားလည်ထားရမည်ဖြစ်ရုံမက အသင့်တော်ဆုံး နောက်ခံစကားပြောသူကို ရှာဖွေ၍ အသံသွင်းခြင်းလုပ်ငန်းစဥ်တစ်လျှောက် လမ်းညွှန်ပြသပေးရမည်။ သင့်တော်ကောင်းမွန်သောအစီအစဥ်မချဘဲ နောက်ခံစကားပြောအလုပ်တစ်ခုကို စတင်ပါက ထိုအလုပ်နှင့် ထိုအလုပ်အတွက် ငှားရမ်းထားသော ပြင်ပဝန်ထမ်းများကြား နားလည်မှုလွဲခြင်းများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် လုပ်ငန်းအကြောင်းရှင်းလင်းညွှန်ကြားချက်တစ်ခုရှိလျှင် နောက်ဆုံးရည်ရွယ်ထားသလိုဖြစ်လာစေရန် လိုအပ်သော အသံသွင်းမည့်ပုံစံကိုသာမက နောက်ခံစကားပြောအသံသွင်းခြင်း၏ ရည်ရွယ်ချက်ကိုပါ အသံသရုပ်ဆောင်က နားလည်သွားမည်။ သင်၏နောက်ခံစကားပြောစီမံကိန်းကို အောင်မြင်စေရန် လိုက်နာဆောင်ရွက်နိုင်သည့် အကြံပြုချက်တချို့ကို အောက်တွင်ဖော်ပြထားသည်။ ၁။ နောက်ခံစကားပြောဇာတ်ညွှန်းကိုရေးသားပါ သင်၏စီမံကိန်းအတွက် အစီအစဥ်ချပြီးသည့်အခါ နောက်ခံစကားပြောဇာတ်ညွှန်းကို ရေးသားပြင်ဆင်ရမည်။ ကောင်းမွန်ပြည့်စုံစွာရေးသားထားသော ဇာတ်ညွှန်းတစ်ခုကြောင့် နောက်ခံစကားပြောစီမံကိန်းအောင်မြင်နိုင်သည်။ သို့သော်ငြား ညံ့ဖျင်းစွာရေးသားထားသော ဇာတ်ညွှန်းကြောင့် နောက်ခံစကားပြောစီမံကိန်းတစ်ခုလုံးသည် ထင်သလိုဖြစ်မလာဘဲ အချိန်ကုန်ငွေကုန်သာဖြစ်မည်။ …

သင်၏လုပ်ငန်းအတွက် နောက်ခံစကားပြောကို ဘယ်လိုထည့်သွင်းမလဲ။ Read More »

အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်း- မှန်ကန်ကောင်းမွန်စွာ ဘယ်လိုသွင်းယူမလဲ။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အီလက်ထရွန်နစ်သင်ကြားရေးလုပ်ငန်းသည် မကြုံစဖူးတိုးတက်လာခဲ့တယ်။ ဖော့ဘ်စ် (Forbes) မဂ္ဂဇင်းက အီလက်ထရွန်နစ်သင်ကြားရေးဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅၅ ဘီလီယံထိ တန်ဖိုးရှိလာမည်ဟု ဖော်ပြထားသည်။ အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်းသည် အမြင်တွင် အလွန်လွယ်ကူချောမွေ့သော လုပ်ငန်းဖြစ်သည်။ သို့သော် လက်တွေ့တွင် နည်းပညာအရရော အချိန်ပါ ထည့်ဝင်အားထုတ်ရပြီး နားဆင်သူများနေနှင့် မျက်ဝါးထင်ထင်မြင်တွေ့နေရသည့်တိုင် နားလည်ရန်ခက်ခဲနေနိုင်သည်။ သင်၏အီလက်ထရွန်နစ်သင်ကြားရေးစီမံကိန်းကို အောင်မြင်စေရန် အောက်ပါအချက်တချို့ကို လိုက်နာဆောင်ရွက်နိုင်သည်။ ၁။ ထိရောက်၍နားလည်လွယ်သော ဇာတ်ညွှန်းတစ်ခုရေးသားပါ အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်းတွင် ဇာတ်ညွှန်းတစ်ခုသည် အရေးအပါဆုံးအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။ ကောင်းမွန်ပြည့်စုံသော အီလက်ထရွန်နစ်သင်ကြားရေးဇာတ်ညွှန်းတစ်ခုကို ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေမည့် အကြံပြုချက်အချို့ကို အောက်တွင်ဖော်ပြထားသည်။ ဇာတ်ညွှန်းရေးသားနေစဥ်တွင် မိမိစီမံကိန်း၏ ရည်ရွယ်ချက်နှင့် သင်ကြားတတ်မြောက်ရေးရည်မှန်းချက်ကို အပြည့်အဝနားလည်ပါစေ။ ဇာတ်ညွှန်းသည် သဘာဝကျ၍ နှုတ်ပြောစကားဖြင့် ရေးသားထားသင့်သည်။ သင်ယူလေ့လာသူများနားလည်သဘောပေါက်လွယ်သော စကားအသုံးအနှုန်းများကိုသာ အသုံးပြုပါ။ …

အီလက်ထရွန်နစ်သင်ကြားရေးသုံးနောက်ခံစကားပြောခြင်း- မှန်ကန်ကောင်းမွန်စွာ ဘယ်လိုသွင်းယူမလဲ။ Read More »