DUBnSUB | Studio

မူလဘာသာစကားတွင်ပါရှိသော အကြောင်းအရာများကို လူတို့ပိုနားလည်စေရန် စာတန်းထိုးခြင်းက မည်သို့ကူညီပေးသနည်း။

အင်တာနက်ပေါ်တွင် ဗီဒီယိုအသုံးပြုမှုက မုန်တိုင်းသဖွယ်တိုးတက်ပျံ့ပွားလာခဲ့သည်။ Cisco မှပြုလုပ်သော လေ့လာချက်အရ ၂၀၂၁ ခုနှစ်တွင် အင်တာနက်ဝင်ရောက်ကြည့်မှု၏ ၈၀ ရာခိုင်နှုန်းသည် ဗီဒီယိုများဖြစ်လာနိုင်သည်။ အင်တာနက်ပေါ်ရုပ်သံထုတ်လွှင့်သည့်ဝန်ဆောင်မှုအရေအတွက် များပြားလာသည်နှင့်အမျှ ဘာသာပြန်စာတန်းထိုးခြင်းနှင့် အလုံးစုံစာတန်းထိုးခြင်းတို့ကဲ့သို့သော ဘာသာပြန်ဝန်ဆောင်မှုများကို အသုံးစွဲမှုများပြားလာသည်။

သင်၏ဗီဒီယိုများတွင် စာတန်းထိုးထည့်သွင်းခြင်းသည် ဗီဒီယိုမှပေးလိုသော ဆိုလိုရင်းကို နားလည်လွယ်သောကြောင့် နိုင်ငံတကာအောင်မြင်မှုတွင် ပိုမိုလွယ်ကူစေသည်။ ရုပ်ရှင်များ၊ ရုပ်သံအစီအစဥ်များ၊ မှတ်တမ်းရုပ်ရှင်များ၊ သင်တန်းပို့ချဗီဒီယိုများနှင့် ဖန်တီးပြုလုပ်မျှဝေလိုက်သော အခြားအကြောင်းအရာအမျိုးအစားများအတွက် မှန်ကန်သောအချက်ဖြစ်သည်။

သို့သော် စာတန်းထိုးခြင်းသည် ဘာကြောင့်အရေးပါနေရသနည်း။ မူရင်းဘာသာစကားသုံး ဗီဒီယိုကို လူအများနားလည်စေရန် မည်သို့အထောက်အကူပြုသနည်း။ အကျိုးကျေးဇူးများထဲမှ တချို့ကို လေ့လာကြမည်။

၁။ ဗီဒီယို၏ဆိုလိုရင်းကို ကြည့်ရှုသူမှနားလည်ခြင်း

တချို့လူများသည် လက်တွေ့လုပ်ဆောင်သင်ယူကြသော်လည်း တချို့မှာ မျက်စိနှင့်မြင်မှ သင်ယူတတ်မြောက်ပြီး ဗီဒီယိုများမှတစ်ဆင့် သင်ယူရန်ပိုလိုလားကြသည်။ ထိုကြောင့် စာတန်ထိုးပါရှိသော ဗီဒီယိုတစ်ခုကိုကြည့်လျှင် ဆိုလိုရင်းကို ပကတိအတိုင်းမမှားမယွင်းနားလည်ကြပြီး ကာလကြာမြင့်သည်ထိ မမေ့မပျောက် အမှတ်ရနေမည်။ ထို့အပြင် သင်၏ဗီဒီယိုများတွင် စာတန်ထိုးများထည့်သွင်းခြင်းဖြင့် ကြည်ရှုသူပရိသတ်အတွက် အသံမကြားရသည့်အခါလည်းကောင်း ဆိတ်ငြိမ်အခြေအနေများတွင်လည်းကောင်း ဗီဒီယိုဆိုလိုရင်းကို နားလည်နိုင်မည်။

ထိုကြောင့် ဗီဒီယိုသည် ကြည့်ရှုသူ၏မိခင်ဘာသာစကားဖြင့်မဟုတ်သော်လည်း စာတန်းထိုးအကူအညီဖြင့် ဆိုလိုရင်းကိုအပြည့်အဝသိရှိခံစားရမည်ဖြစ်သည်။

၂။ ဘာသာစကားအသစ်တစ်ခုကို လေ့လာနိုင်ခြင်း

ဘာသာစကားအသစ်တစ်ခုကို လေ့လာလိုပါသလား။ လေ့လာလိုလျှင် စာတန်းထိုးခြင်းက ကူညီပေးနိုင်ပါသည်။

စာတန်းထိုးခြင်းသည် နိုင်ငံခြားဘာသာစကားလေ့လာခြင်းကို ထိရောက်၍ စိတ်ကျေနပ်ဖွယ်ကောင်းအောင် ထောက်ပံ့ပေးပါသည်။ မိမိကြည့်လိုသော နိုင်ငံခြားဘာသာစကားဖြင့် ရုပ်ရှင်တစ်ခုဖြစ်စေ ရုပ်သံအစီအစဥ်တစ်ခုကိုဖြစ်စေ စာတန်ထိုးနှင့် ကြည့်ပါက ထိုဘာသာစကားနှင့် ရင်းနှီးကျွမ်းဝင်လာမည်။ ၎င်းအပြင် စကားလုံးအသစ်များ၊ စကားစုသစ်များ၊ ဒေသိယစကားသစ်များကို လေ့လာနိုင်ရုံသာမက မျက်မြင်ကိုယ်တွေ့လေ့လာနိုင်မည်ဖြစ်သည်။ စပိန်ဘာသာစကားကို လေ့လာလိုသည်ဆိုပါစို့။ စပိန်ရုပ်ရှင်တချို့နှင့် ရုပ်သံအစီအစဥ်တချို့ကို စာတန်းထိုးအကူအညီဖြင့် ကြည့်ရှုခြင်းသည် လျှင်မြန်စွာ သင်ယူတတ်မြောက်နိုင်သည်။

ထို့ကြောင့် ဘာသာစကားတစ်ခုကို စာတန်းထိုးအကူအညီဖြင့် သင်ယူရန်မျှော်လင့်ထားပါက အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်။

ကြာချိန်တို၍ စိတ်ဝင်စားဖို့ကောင်းသော ဗီဒီယိုများတွင်သုံးသော စကားအသုံးများသည် နားလည်လွယ်သောကြောင့် ၎င်းတို့ကိုကြည့်ရှုပါ။
သင်အနှစ်သက်ဆုံး Netflix ရုပ်သံဇာတ်လမ်းတွဲကို စာတန်းထိုးဖွင့်၍ ဆက်တိုက်မနားတမ်းကြည်ရှုကာ လုံးစေ့ပတ်စေ့နားလည်သည်ထိ ထပ်ခါထပ်ခါပြန်ကြည့်ပါ။
သင်အနှစ်သက်ဆုံး ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲကို နိုင်ငံခြားဘာသာစကားတစ်ခုထည့်သွင်းထားပါက ကြည်ရှုနိုင်သေးသည်။ ယေဘုယျဇာတ်လမ်းကို သိရှိထားပြီးဖြစ်သည့် သင့်အတွက် ထိုစာတန်းထိုးများကို နားလည်ရန် ပိုမိုလွယ်ကူသွားမည်။

နိဂုံးကမ္မသတ်

လူတိုင်းသည် ဘာသာစကားတစ်ခုတည်းကို သုံးခြင်းမဟုတ်ပါ။ ဤသို့ဖြင့် စာတန်းထိုးခြင်းလုပ်ငန်းစတင်ပေါ်ပေါက်လာသည်။ နားလေးသူ နှင့်နားမကြားသူများအတွက် အထောက်အကူဖြစ်စေရုံသာမက စာတန်းထိုးခြင်းသည် သင်၏ဆိုလိုရင်းကို အသံပိတ်၍ ဗီဒီယိုကြည့်ရှုလိုသူများအတွက်ပါ အခက်အခဲမရှိနားလည်နိုင်အောင် ကူညီပေးသည်။ ထိုမျှမကသေး စာတန်းထိုးထားသော ဆိုလိုရင်းကို ကြည့်ရှုသူတို့နားလည်နိုင်ပြီး နိုင်ငံတကာရုပ်သံအကြောင်းအရာကို ခံစားကြည့်ရှုနိုင်မည့်အပြင် ယဥ်ကျေးမှုအသစ်များနှင့် ကမ္ဘာသုံးဘာသာစကားများကို နားလည်ခွင့်ရမည်။

နိဂုံးချုပ်ရလျှင် သင်၏ဗီဒီယိုကို စာတန်းထိုးထားခြင်းသည် သင်၏ဆိုလိုရင်းကို နိုင်ငံတကာတွင် ပေါက်ရောက်သွားမည်ဖြစ်ပြီး ကြည့်ရှုသူများအတွက် ပိုမိုကောင်းမွန်သော အတွေ့အကြုံကို ပေးစွမ်းနိုင်မည်။

DUBnSUB ကုမ္ပဏီသည် အိန္ဒိယနိုင်ငံ ဂါဂွန်မြို့တွင်ရုံးချုပ်စိုက်၍ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားသော ဘာသာပြန်အသံသွင်းခြင်း၊ နောက်ခံစကားပြောအသံသွင်းခြင်းနှင့် စာတန်းထိုးခြင်းတို့အတွက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်သည်။ ကျွန်တော်တို့သည် ဘာသာစကား ၁၀၀ ဝန်းကျင်အတွက် ဘာသာပြန်အသံသွင်းခြင်း၊ နောက်ခံအထည့်ခြင်း၊ သရုပ်ဖော်အသံ၊ အပြီးအစီးအသံသွင်းထုတ်လုပ်ခြင်း၊ ဘာသာပြန်ခြင်း၊ ဘာသာပြန်စာတန်းထိုးခြင်းနှင့် အလုံးစုံစာတန်းထိုးခြင်းတို့ကို အထူးဝန်ဆောင်မှုပေးပါသည်။
လိုအပ်ချက်များ/မေးမြန်းလိုသည်များရှိပါကကျေးဇူးပြု၍ [email protected] သို့ဆက်သွယ်လိုက်ပါ သို့မဟုတ် +91 124 498 2484 ခေါ်ဆိုလိုက်ပါ။ ကျွန်တော်တို့မှ ဝမ်းမြောက်ဝမ်းသာ ကူညီသွားမှာပါ။

Share via
Copy link