DUBnSUB | Studio

Uncategorized

အပြီးအစီးအသံသွင်းထုတ်လုပ်ခြင်းသုံးစကားလုံးများ – သိထားသင့်သည့် အသုံးအနှုန်းများ

အပြီးအစီးဗီဒီယိုထုတ်လုပ်ခြင်းသည် ကျယ်ပြန့်သောလုပ်ငန်းနယ်ပယ်ဖြစ်သည်နှင့်အညီ နည်းပညာသုံးဗန်းစကားများနှင့် သီးသန့်အသုံးအနှုန်းများစွာရှိသည်။ ထိုအသုံးအနှုန်းများကိုပထမဆုံးလူရွေးပွဲမှစ၍ နောက်ဆုံးအသံသွင်းသည်ထိတိုင် အသုံးပြုကြသည်။ ထိုအသုံအနှုန်းများနှင့် ရင်းနှီးကျွမ်းဝင်ပါက သင့်ကို ပိုမိုကျွမ်းကျင်စေပြီး အပြီးအစီးအသံသွင်းထုတ်လုပ်ခြင်းအလုပ်များအကြောင်း ပိုမိုနားလည်သဘောပေါက်လာမည်။ အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူစေရန် အသုံးများသောပညာရပ်ဆိုင်ရာဝေါဟာရများပါဝင်သည့် အောက်ပါစကားလုံးများကို လေ့လာကြည့်ကြစို့။ ၁။ ADR – စကားပြောကို အလိုအလျောက်အစားထိုးထည့်သွင်းခြင်း သို့မဟုတ် ADR သည် ရုပ်ရှင်တစ်ခုထဲမှဖြစ်စေ ဗီဒီယိုတစ်ခုထဲမှဖြစ်စေ မူလစကားပြောအသံကို နောက်ခံစကားပြောအသံဖြင့် အစားထိုးသည့်လုပ်ငန်းစဥ်ဖြစ်သည်။ အသံထပ်ခြင်းဟုလည်း အသိများကြသည်။ ၂။ လက်တန်းပြောခြင်း – ၎င်းသည် ဇာတ်ညွှန်းထဲတွင် မရေးထားသောစကားပြောများကို လက်တန်းပြောဆိုသည်ဟုဆိုလိုသည်။ နောက်ခံစကားပြောသရုပ်ဆောင်သည် သင့်တော်သည့်နေရာတွင် ထိုကဲ့သို့ ထည်သွင်းပြောဆိုရမည်။ ၃။ ထုတ်လွှင့်ချိန် – ထုတ်လွှင့်ခြင်းခေါ် ထုတ်လွှင့်ချိန်သည် ကြော်ငြာတစ်ခုအတွက် ထည့်သွင်းပေးထားသည့် အချိန်ဖြစ်သည်။ ၅။ နောက်ခံအသံ – […]

အပြီးအစီးအသံသွင်းထုတ်လုပ်ခြင်းသုံးစကားလုံးများ – သိထားသင့်သည့် အသုံးအနှုန်းများ Read More »

အောင်မြင်သော နောက်ခံစကားပြောသရုပ်ဆောင်နှင့် ဘာသာပြန်အသံသွင်းသရုပ်ဆောင်တစ်ဦးဖြစ်လာရန် လိုအပ်သော အရည်အချင်းများ

ဗီဒီယိုများကြည့်ရှုနှုန်းမြင့်တက်လာသည်နှင့်အမျှ နောက်ခံစကားပြောသရုပ်ဆောင်နှင့် ဘာသာပြန်အသံသွင်းသရုပ်ဆောင်များကို သိသိသာသာလိုအပ်လာမည်ဖြစ်သည်။ ကြော်ငြာများမှစ၍ ဗီဒီယိုဂိမ်းများ၊ ကာတွန်းရုပ်ရှင်များအထိ အသံသရုပ်ဆောင်ခြင်းကို နေရာတိုင်းတွင်တွေ့ရသည်။ တစ်နေ့မှာ ဗီဒီယိုဂိမ်းအတွက် အသံသွင်းနေ၍ နောက်တစ်နေ့မှာ ကြော်ငြာနောက်ခံအသံသွင်းပြီး နောက်တစ်နေ့ကျ ကာတွန်းရုပ်ရှင်တစ်ကားအတွက် အသံသွင်းနေသည့် အသံသရုပ်ဆောင်မျိုးကို တွေ့ဖူးကောင်းတွေ့ဖူးမည်။ နောက်ခံစကားပြောခြင်းနှင့် အသံထပ်ခြင်းအလုပ်များသည် ဆွဲဆောင်မှုရှိသောအသံနှင့် ထူးထူးဆန်းဆန်းအသံများ ထွက်တတ်ခြင်းသာဖြစ်သည်ဟု မကြာခဏအထင်ခံရသည်။ သို့သော် ထိုမျှမကအားထုတ်ကြိုးပမ်းရသည်။ ထိုလုပ်ငန်းလောကတွင် သင်အလုပ်စတင်တင်လုပ်လိုပါက သင်တတ်မြောက်ထားရမည့် အရည်အချင်းတချို့ကို အောက်တွင်ဖော်ပြထားသည်။ ၁။ အသံရှင်းလင်းပြတ်သားမှုနှင့် အသံအမျိုးမျိုးလုပ်တတ်ခြင်း အောင်မြင်သော အသံသရုပ်ဆောင်တစ်ယောက်၏ အသံသည် ရှင်းလင်းပြတ်သား၍ အသံအမျိုးမျိုးလုပ်တတ်သည်။ ကုမ္ပဏီများသည် စကားလုံးတိုင်းကို ပီပီသသနှင့် ယုံကြည်ချက်ရှိရှိထွက်ဆိုနိုင်သော သရုပ်ဆောင်များကို အမြဲတစေရှာဖွေငှားရမ်းနေသည်။ အသံမပီသခြင်းသည် ကြည့်ရှုသူကို ပေးလိုသော ဆိုလိုရင်းနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်၏ နာမည်သတင်းကို ထိခိုက်နိုင်ပါသည်။ ထို့အပြင် အသံသွင်းယူခြင်းအမျိုးအမျိုးအတွက်

အောင်မြင်သော နောက်ခံစကားပြောသရုပ်ဆောင်နှင့် ဘာသာပြန်အသံသွင်းသရုပ်ဆောင်တစ်ဦးဖြစ်လာရန် လိုအပ်သော အရည်အချင်းများ Read More »

နားလေးခြင်းနှင့်နားမကြားခြင်းအတွက်စာတန်းထိုးများမှာဘာလဲ၊ ၎င်းတို့သည် မည်သို့အကျိုးပြုသနည်း။

နားလေးခြင်းနှင့်နားမကြားခြင်းတို့အတွက်စာတန်းထိုးခြင်းသည် ဗီဒီယိုနှင့်ရုပ်ရှင်လုပ်ငန်းမှ မကြာသေးမီကဆန်းသစ်တီထွင်မှုတစ်ခုဖြစ်သည်။ အမေရိကားတွင်ကနဦးမိတ်ဆက်ခဲ့သည့်၊ နားလေးခြင်းနှင့်နားမကြားခြင်းအတွက် စာတန်းထိုးသည် မူလစကားပြောကိုပုံမှန်စာတန်းထိုးခြင်းနှင့် ဆင်တူပြီး နောက်ခံအသံဖန်တီးချက်များကိုမကြားရသူများအတွက် အရေးပါသောအပြန်အလှန်ပြောဆိုခြင်းမဟုတ်သည့် သတင်းအချက်အလက်တချို့လည်းပါဝင်ပါသည်။ အဆိုပါစာတန်းထိုးများသည် ထုံးစံအတိုင်း အကြားအာရုံချို့တဲ့သူများနှင့် မူလစကားနှင့် အသံထွက်များကို နားမလည်နိုင်သူများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ ထို့ပြင် ယင်းတို့သည် မိခင်ဘာသာစကားကိုလည်းကောင်း(တူညီသည့်ဘာသာစကားတွင်) သို့မဟုတ် နိုင်ငံခြားဘာသာစကားမှမိခင်ဘာသာစကားသို့လည်းကောင်း ဖြစ်နိုင်သည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့လူဦးရေသန်း ၅၀၀ ဟာနားလေးသူများနှင့်နားမကြားသူများဖြစ်ကြပါသည်။ ထို့ကြောင့် သင်၏ရုပ်သံအစီအစဉ်နားလည်လွယ်မှုတိုးတက်ပြီး ပရိသတ်ထံကျယ်ကျယ်ပြန့်ပြန့်ရောက်စေလိုပါက၊ သင်၏ဗီဒီယိုများတွင် နားလေးခြင်းနှင့်နားမကြားခြင်းအတွက် စာတန်းထိုးခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်သည်။ နားလေးခြင်းနှင့်နားမကြားခြင်းအတွက် စာတန်းထိုး၊ ဘာသာပြန်စာတန်းထိုးခြင်းနှင့် အလုံးစုံစာတန်းထိုးများကြားကွာဟချက် ဗီဒီယိုထုတ်လုပ်သူများသည် ၎င်းတို့၏တင်ဆက်မှုကို ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်ပိုမိုနားလည်လွယ်စေရန် စာတန်းထိုးများ၊ အလုံးစုံစာတန်းထိုးခြင်းများ၊ နားလေးခြင်းနှင့်နားမကြားခြင်းတို့အတွက် စာတန်းထိုးများစသည့်ရွေးချယ်မှုသုံးမျိုးမှတစ်မျိုးကိုပေးထားသည်။ ယင်းတို့သည်တူညီသည်ဟုထင်ရနိုင်သည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် တစ်ခုနှင့်တစ်ခုမတူညီကြပါ။ ဘာသာပြန်စာတန်းထိုးများသည် မိခင်ဘာသာစကား သို့မဟုတ်

နားလေးခြင်းနှင့်နားမကြားခြင်းအတွက်စာတန်းထိုးများမှာဘာလဲ၊ ၎င်းတို့သည် မည်သို့အကျိုးပြုသနည်း။ Read More »

ဗီဒီယိုကို သက်ဆိုင်ရာဘာသာမူပြုခြင်းအခြေခံအချက်များ

ယခုအခါ ဗီဒီယိုဖြင့်တင်ဆက်မှုကို တစ်နေ့တခြား သုံးစွဲသူများတိုးလာကြသည်။ ဗီဒီယိုသည် သူတို့၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့်သတင်းအချက်အလက်ကို မျှဝေရန်နှင့် ကမ္ဘာအနှံ့ဖြန့်မည့်အမှတ်တံဆိပ်များအတွက် အဓိကကိရိယာများထဲမှတစ်ခုဖြစ်သည်။ HubSpot သုတေသနလေ့လာချက်အရ၊ သုံးစွဲသူများ၏၇၉ % သည်ကုန်အမှတ်တံဆိပ်၏ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကိုလေ့လာရန်စာဖတ်ခြင်းထက် ဗီဒီယိုကြည့်ရသည်ကိုပိုမိုနှစ်သက်ကြသည်။ ထို့ပြင် သုံးစွဲသူထက်ဝက်ကျော်ကလည်း၎င်းတို့၏မိခင်ဘာသာစကားဖြင့်သတင်းပေးထားသည့်ကုန်ပစ္စည်းကိုဝယ်လိုကြသည်။ ထို့ကြောင့် ကမ္ဘာအနှံ့သုံးစွဲမှုအတွက် ဘာသာပြန်ထားသည့်ဗီဒီယိုတင်ဆက်မှုလိုအပ်ချက်မြင့်မားလာသည်။ ဗီဒီယိုဘာသာပြန်ခြင်းသည် မည်သည့်အဖွဲ့အစည်းအတွက်မဆို လုပ်ငန်းသုံး အဓိကကဏ္ဍတစ်ရပ်ဖြစ်လာသည်။ ၎င်းသည် သင်၏ဗီဒီယိုတင်ဆက်မှုကနေ ရင်းနှီးငွေရဲ့နှစ်ဆဖြစ်ဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပေါ်စေတဲ့ ဆက်သွယ်မှုစနစ်ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် ဗီဒီယိုများဖန်တီးနေပြီး ကမ္ဘာတစ်လွှားရှိဝယ်ယူသူများထံရောက်စေလိုပါက သင်၏အကြောင်းအရာကို ဘာသာပြန်ရန်တကယ်ကိုလိုအပ်ပါသည်။ ထို့ကြောင့် ဗီဒီယိုဘာသာပြန်ခြင်းဆိုသည်မှာ အဘယ်နည်း၊ ၎င်းသည် ဤဒစ်ဂျစ်တယ်ခေတ်နှင့်မည်သည့်နေရာတွင်ကိုက်ညီသနည်း။ လေ့လာလိုက်ရအောင်။ ဗီဒီယိုကို သက်ဆိုင်ရာဘာသာမူပြုခြင်းဆိုသည်မှာ အဘယ်နည်း။ ဗီဒီယိုကို သက်ဆိုင်ရာဘာသာမူပြုခြင်းဆိုသည်မှာ ဗီဒီယိုတင်ဆက်မှုကို မတူညီသည့်ယဉ်ကျေးမှုများ၊ ပရိသတ်များနှင့်လိုက်လျောညီထွေဖြစ်ရန်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ အရောင်းမြှင့်တင်ရေးဗီဒီယိုများ၊ အီလက်ထရွန်နစ်သင်ကြားရေးဗီဒီယိုများ၊ စက်မှုဆိုင်ရာလမ်းညွှန်ချက်များ၊ ကုန်ပစ္စည်းသုံးသပ်ချက်များ၊ အင်တာဗျူးများ အစရှိသည့်

ဗီဒီယိုကို သက်ဆိုင်ရာဘာသာမူပြုခြင်းအခြေခံအချက်များ Read More »

အလုံးစုံစာတန်းထိုးများနှင့်ဘာသာပြန်စာတန်းထိုးများ၏အကျိုးကျေးဇူးများ

လတ်တလောနှစ်များအတွင်း အလုံးစုံစာတန်းထိုးများနှင့်ဘာသာပြန်စာတန်းထိုးလုပ်ငန်းကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာသည်ကို တွေ့မြင်လာရသည်။ ၄င်းအတွက်အဓိကအကြောင်းအရင်းများထဲမှတစ်ခုမှာ ဗီဒီယိုဖြင့်တင်ဆက်ပြသမှုများကို ပိုမိုတောင်းဆိုလာသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်တွင် အင်တာနက်တွင် ဗီဒီယိုများစွာရှိပြီ းလူများသည်ကောင်းကောင်းနားလည်ပုံမရပါ။ အလုံးစုံစာတန်းထိုးများနှင့်ဘာသာပြန်စာတန်းထိုးများကို အဆိုပါဗီဒီယိုများတွင်ထည့်သွင်းခြင်းသည် ဗီဒီယို၏မက်ဆေ့ချ်ကို လူအများ အလွယ်တကူနားလည်စေနိုင်သည်။ ထို့ပြင် ယင်းတို့သည် ဗီဒီယိုထဲရှိခက်ခဲသည့်ဘာသာစကားနှင့် ရှုပ်ထွေးသည့် အချက်အလက်ကို နားလည်လွယ်စေရန်လည်းအထောက်အကူဖြစ်စေသည်။ အလုံးစုံစာတန်းထိုးများနှင့် ဘာသာပြန်စာတန်းထိုးများနှစ်ခုစလုံးသည် ဖန်သားပြင်တွင်စာသားဖော်ပြထားခြင်းဖြစ်သော်လည်း မတူညီကြပေ။ အလုံးစုံစာတန်းထိုးများသည် ဇာတ်ဝင်ခန်းသုံးစကားကို စာတန်းထိုးဖော်ပြခြင်း ဖြစ်သည်။ ၄င်းတို့သည် ဇာတ်လမ်းထဲရှိမူလဘာသာစကားဖြစ်ပြီး ရုပ်သံရှိုးများ၊ ရုပ်ရှင်များ၊YouTube ဗီဒီယိုများစသည်တို့အတွက်သင့်တော်သည်။ စင်စစ်အားဖြင့် ဘာသာပြန်စာတန်းထိုးဆိုသည်မှာ ဇာတ်လမ်းရှိဘာသာစကားကို တခြားဘာသာစကားပြောသူများ ကြည့်ရှုခံစားနိုင်စေရန် အခြားဘာသာစကားသို့ ဘာသာပြန်ဆိုပေးခြင်းဖြစ်သည်။ ၎င်းသည် နိုင်ငံခြားရုပ်ရှင်များနှင့်ရုပ်သံရှိုးများနှင့်ပိုမိုသင့်လျော်သည်။ အလုံးစုံစာတန်းထိုးများနှင့်ဘာသာပြန်စာတန်းထိုးများ၏အကျိုးကျေးဇူးများ အကြောင်းရင်းများစွာကြောင့် အလုံးစုံစာတန်းထိုးခြင်းနှင့်ဘာသာပြန်စာတန်းထိုးခြင်း၏အရေးပါမှုသည်မြင့်မားလာသည်။ ဤတွင်အချို့ကို ဖော်ပြထားသည်။ ၁။ နားလေးသည့် နားမကြားသည့်ကြည့်ရှုသူများအတွက် နားလည်ရလွယ်ကူခြင်း နိုင်ငံခြားဘာသာစကားနှင့်ဗီဒီယိုကို မည်သည့်ဘာသာပြန်စာတန်းထိုးမှမပါဘဲ

အလုံးစုံစာတန်းထိုးများနှင့်ဘာသာပြန်စာတန်းထိုးများ၏အကျိုးကျေးဇူးများ Read More »

အသံထပ်ခြင်းနှင့်နောက်ခံအသံထည့်ခြင်းလုပ်ငန်း၏အနာဂတ်

အသံထပ်ခြင်းနှင့်နောက်ခံအသံထည့်ခြင်းလုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းရှိဗီဒီယိုများသုံးစွဲမှုမြင့်တက်လာခြင်းကြောင့် လွန်ခဲ့သည့်နှစ်များအတွင်းမှာမကြုံစဖူးတိုးတက်လာသည်ကိုမြင်တွေ့ရပါသည်။ Cisco မှကြိုတင်ခန့်မှန်းချက်များအရ ဗီဒီယိုသည်၂၀၁၉ နှစ်ကုန်ပိုင်းတွင်ဝက်ဘ်ဆိုဒ်တင်ဆက်မှု၏ ၈၀% ဖြစ်လာမည်ဖြစ်သည်။ အီလက်ထရောနစ်မီဒီယာများကို တောင်းဆိုမှုများပြားလာသည်နှင့်အတူ ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီများသည် ပိုမိုများပြားသည့် ပရိသတ်များအထိ ဖြန့်ကျက်ချင်လာပြီဖြစ်သည်။ ထို့ကြောင့် အသံထပ်ခြင်း၊ နောက်ခံအသံထပ်ပေးသည့်ကုမ္ပဏီများသည် ဘာသာစကားအမျိုးမျိုးဖြင့် ဗီဒီယိုများထုတ်လုပ်ပေးဖို့အတွက် တောင်းဆိုမှုတွေ ပိုပြီးများလာပါသည်။ အသံထပ်ခြင်းနှင့်နောက်ခံအသံထည့်ခြင်းလုပ်ငန်း၏အနာဂတ်ဦးတည်ချက်များ ၁။ ဉာဏ်ရည်တုစနစ်တိုးမြှင့်ရေး စက်များသည် ကျွန်တော်တို့၏နောက်ခံအသံထည့်ခြင်းအလုပ်များကို လုပ်ဆောင်တော့မှာလား။ ဟုတ်ကဲ့ လိုပါသေးတယ်။ လူများစွာက ဉာဏ်ရည်တုစနစ်ကို အသံထပ်ခြင်းနှင့်နောက်ခံအသံထည့်ခြင်းလုပ်ငန်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်မြင်ကြပါသည်။ သို့သော်လက်တွေ့တွင် အသံထပ်ခြင်းနှင့်နောက်ခံအသံထည့်ခြင်းအတွက် ၎င်းသည်အခွင့်အရေးသစ်များကိုဖြစ်ပေါ်စေပါသည်။ ဥပမာ- သင့်မေးခွန်းများကို ဖြေကြားပေးသည့် ဉာဏ်ရည်တုသည် နောက်ခံ အသံသရုပ်ဆောင်များသွင်းထားပေးသည့်မူလအသံများကို အသုံးပြုပြီး အရောင်းအဝယ်လုပ်ဆောင်ချက်များအတွက် သင့်ကို လမ်းညွှန်ပေးသည့် အွန်လိုင်းကုန်သွယ်ရေးအကူအညီတစ်ခုဖြစ်သည်။ ထို့ပြင် ဉာဏ်ရည်တုစနစ်မည်သို့ပင်အဆင့်မြင့်လာပါစေ လူတို့၏အသံတွင်ပါရှိသည့်ခံစားချက်များကိုလုံးဝတုပ၍မရနိုင်ပါ။ ထို့ကြောင့်အသံသရုပ်ဆောင်များ၏ရေပန်းစားမှုသည်လာမည့်နှစ်များတွင်တိုးပွားလာမည်ဟုမျှော်လင့်ရသည်။ ၂။ အကြောင်းအရာများကို

အသံထပ်ခြင်းနှင့်နောက်ခံအသံထည့်ခြင်းလုပ်ငန်း၏အနာဂတ် Read More »

ထိရောက်သည့်အသံထပ်ခြင်းအတွက်နည်းလမ်းများ

ကမ္ဘာတစ်ဝှမ်းရှိ ဘာသာပြန်ထားသည့်အကြောင်းအရာကို လျှင်လျှင်မြန်မြန်ဖြန့်ဝေမှုဖြင့် ယခုအခါလူများသည် များပြားလှသည့်ဘာသာစကားများနှင့်ယဉ်ကျေးမှုများဖြင့် ရုပ်ရှင်များနှင့်ရုပ်သံရှိုးများကိုကြည့်ရှုနိုင်ပြီဖြစ်သည်။ အသံထပ်ခြင်းဝန်ဆောင်မှုဆိုင်ရာလိုအပ်မှုလည်း မြင့်မားလာပြီး ယင်းသည်ဘာသာစကားအဟန့်အတားကို ကျော်လွှားရန်မရှိမဖြစ်ကိရိယာတစ်ခုဖြစ်သည်။ အသံထပ်ခြင်းသည် ရုပ်ရှင်ကိုစိတ်အနှောင့်အယှက်ကင်းကင်းဖြင့်ကြည့်ရှု နိုင်ရန် မရှိမဖြစ်လိုအပ်သည့်အချက်တစ်ခု ဖြစ်သည်။ ၄င်းကို လုပ်ငန်းသုံးအသံသွင်းနေရာရှိအသံသွင်းထုတ်လုပ်သည့်အဆင့်ဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်။ အသံထပ်ခြင်းသည် မိုက်ခရိုဖုန်းဖြင့် စကားပြောဆိုရုံသာမဟုတ်ပါ။ ၎င်းထက်ပိုပါသည်။ အရည်အသွေးပြည့်ဝသည့် တင်ဆက်မှုပေးပို့ရန် လေ့ကျင့်ထားသည့်ပညာရှင်များလိုအပ်မှုသည် အလွန်စိန်ခေါ်မှုများသည့်အလုပ်ဖြစ်သည်။ နှုတ်ခမ်းလှုပ်ရှားမှုမကိုက်ညီသည့်၊ မရှင်းလင်းသည့်စကားပြောများနှင့်ထပ်ကာထပ်ကာဖြစ်နေသည့် နောက်ခံအသံနှင့်ရုပ်ရှင်တစ်ကားကို သင်ကြည့်ချင်ရဲ့လား။ မကြည့်ချင်ဘူး မဟုတ်ပါလား။ အောက်ပါတို့သည် ထိရောက်သည့်အသံထပ်ခြင်းဖြစ်စေရန် လိုက်နာနိုင်သည့်နည်းလမ်းတချို့ဖြစ်သည် – ၁။ သင့်တော်သည့်မိုက်ခရိုဖုန်းများကိုသုံးခြင်း အသံသရုပ်ဆောင်အများစုသည်ကြုံရာမိုက်ခရိုဖုန်းကိုရွေးကာစပြီးအသံသွင်းတတ်ကြသည်။ သို့သော် ၎င်းသည်မှန်ကန်သည့်နည်းလမ်းမဟုတ်ပါ။ စကားပြောရန်သုံးသည့်မိုက်ခရိုဖုန်းသည် အလွန်အနုစိတ်ပြီး အရည်အသွေးမြင့်ရမည်။ ထို့ပြင် ၎င်း၏တည်နေရာသည်အသံထပ်သည့်အရည်အသွေးအတွက်အလွန်အရေးပါသည်။ ထို့ကြောင့် အသံသရုပ်ဆောင်၏ပါးစပ်နားတွင် ၎င်းကိုထားရမည်။ သို့သော်ယင်းသည် ဖန်တီးမည့်အသံအမျိုးအစားပေါ်တွင်မူတည်ပြီးပြောင်းလဲနိုင်သည်။ ဤနည်းဖြင့် အသံသရုပ်ဆောင်၏အသံသည် နောက်ခံအသံထက်များစွာပိုရှင်းလင်းပြီးပိုကျယ်မည်ဖြစ်သည်။ ၂။ မှန်ကန်သည့်နားကြပ်များကိုရွေးချယ်ခြင်း

ထိရောက်သည့်အသံထပ်ခြင်းအတွက်နည်းလမ်းများ Read More »

ကောင်းမွန်သည့်နောက်ခံအသံထည့် ဇာတ်ညွှန်းများပြင်ဆင်ခြင်းအတွက်နည်းလမ်းများ

ဗီဒီယို၏အောင်မြင်မှုနှင့်ကျရှုံးမှုသည် နောက်ခံအသံထည့်ဇာတ်ညွှန်း၏ အရည်အသွေးပေါ်အဓိကမူတည်သည်။ နောက်ခံအသံထည့်ဇာတ်ညွှန်းတွင် အသံသရုပ်ဆောင်များ အသံသွင်းရမည့်စာသားပါဝင်သည်။ အသံသရုပ်ဆောင်သည် အရေးကြီးအခန်းကဏ္ဍတွင်ပါဝင်သော်လည်း အသံသရုပ်ဆောင်ဖတ်မည့်ဟန်ကို လွှမ်းမိုးနိုင်မည့် ဇာတ်ညွှန်းတစ်ပုဒ်ပြင်ဆင်ရန်မှာ ဇာတ်ညွှန်းရေးသူ၏အလုပ်ဖြစ်သည်။ နောက်ခံအသံထည့်ဇာတ်ညွှန်းတစ်ခုပြင်ဆင်ခြင်းသည် စိန်ခေါ်မှုများသည့်အလုပ်ဖြစ်နိုင်သည်။ အရေးအသားအားနည်းသည့် ဇာတ်ညွှန်းသည် ပရောဂျက်၏အလုံးစုံသောလုပ်ဆောင်ချက်ကို သက်ရောက်နိုင်မည့် အခက်အခဲတော်တော်များများကို ဖြစ်စေနိုင်သည်။ ခန့်မှန်းထားသည့် အသံသွင်းချိန်ကို ပိုများနိုင်ပြီး အသံသရုပ်ဆောင်ကိုစိတ်ပင်ပန်းမှုဖြစ်စေနိုင်ကာ နောက်ဆုံးတွင်ပညာရှင်ပီသမှုလျော့နည်းနိုင်သည်။ ထိရောက်နားလည်လွယ်သည့် ဇာတ်ညွှန်းရေးခြင်းမျိုးဖြစ်စေရန် အောက်တွင်နည်းလမ်းခြောက်မျိုးဖော်ပြထားသည်။ ၁။ စကားပြောသည့်အတိုင်းရေးပါ။ သင်၏ပရိသတ်သည် သင်၏ဇာတ်ညွှန်းကိုဖတ်ရမည်မဟုတ်ဘဲ နားထောင်ရမည်ဖြစ်သည်။ ထို့ကြောင့် သင်၏နောက်ခံအသံထည့်ဇာတ်ညွှန်းကို ရေးသည့်အခါပရိသတ်ကို သင်ကိုယ်တိုင်စကားပြောနေသလိုစိတ်ကူးကြည့်ပါ။ ဤနည်းဖြင့် သင်သည်အရပ်သုံးဘာသာစကား၊ ဝါကျတိုများနှင့်စကားပြောလေသံတို့ကိုသဘာဝကျကျ သုံးလိမ့်မည်ဖြစ်သည်။ ထိုအချက်သည် ရင်းနှီးခင်မင်စရာကောင်းသည့်နောက်ခံစကားပြောသူအသံကိုနားထောင်ရသလို ပရိသတ်ကခံစားရမည်ဖြစ်သည်။ ၂။ ဝါကျများသည် တိုတိုနှင့်ထိထိမိမိထားပါ။ သင်၏နောက်ခံအသံထည့်သည့် ဇာတ်ညွှန်းများကိုရေးနေစဉ်တွင် အဓိကပေးချင်သည့် မက်ဆေ့ချ်ကိုထိခိုက်ခြင်းမရှိဘဲ ဝါကျများကိုတိုတိုနှင့်လိုရင်းရေးသားပါ။ အကယ်၍ အလွန်လွယ်သယောင်ထင်ရပါက၊ ဆက်ထားသည့်ဝါကျတိုများကို

ကောင်းမွန်သည့်နောက်ခံအသံထည့် ဇာတ်ညွှန်းများပြင်ဆင်ခြင်းအတွက်နည်းလမ်းများ Read More »

နောက်ခံအသံထည့်ခြင်း သို့မဟုတ် စာတန်းထိုးခြင်း – သင်၏ဗီဒီယိုအတွက်အကောင်းဆုံးကဘာလဲ။

ဗီဒီယိုတင်ဆက်မှုတိုးတက်လာပြီး ကုမ္ပဏီအများစုသည် ၎င်းတို့ရဲ့အကြောင်းအရာကိုကမ္ဘာအနှံ့ကပရိသတ်နားလည်လွယ်အောင်ပြုလုပ်ပြီးအောင်မြင်နေကြပါသည်။ ထို့ကြောင့် အရည်အသွေးမြင့်သက်ဆိုင်ရာဘာသာမူပြုထားသည့်အကြောင်းအရာများကို ပိုမိုတောင်းဆိုလာကြပြီဖြစ်ပါသည်။ အွန်လိုင်းဗီဒီယိုဘာသာပြန်မှုသည် ထိရောက်သည့်ဈေးကွက်နည်းဗျူဟာ၏ အရေးပါသည့်လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ မှန်ကန်သည့် ဗီဒီယိုဘာသာပြန်ခြင်းနည်းလမ်းကို ရွေးချယ်ခြင်းသည်သင်၏ဂုဏ်သတင်းအပြင် သင့်အမှတ်တံဆိပ်ပေါ် စားသုံးသူ၏အမြဲမပြတ်သုံးစွဲမှုကို လျော့ကျစေနိုင်ခြင်း သို့မဟုတ် မြင့်တက်စေနိုင်ခြင်းများကို ဖြစ်စေသည်။ နောက်ခံအသံထည့်ခြင်းနှင့်စာတန်းထိုးသည် ထိရောက်သည့်ဘာသာပြန်မှုအတွက် အဓိကနည်းလမ်းနှစ်မျိုးဖြစ်ပါသည်။ သို့သော် သင်၏ဗီဒီယိုပရောဂျက်အတွက် မည်သည်က မှန်ကန်သည်ကို သင်မည်သို့ဆုံးဖြတ်မည်နည်း။ စာတန်းထိုးခြင်းနှင့်နောက်ခံအသံထည့်ခြင်း၏အားသာချက်များနှင့်အားနည်းချက်များကို နားလည်ခြင်းသည် မှန်မှန်ကန်ကန်ရွေးချယ်ရန် သင့်ကိုအထောက်အကူပြုလိမ့်မည်။ ဘာသာပြန်စာတန်းထိုးခြင်းဆိုတာ ဘာလဲ။ ဘာသာပြန်စာတန်းထိုးခြင်းသည် စကားပြောများကို ဗီဒီယိုဖန်သားပြင်အောက်ခြေတွင် ပေါ်လာသည့် စာတန်းဖြစ်သည်။ ၄င်းတို့သည် နိုင်ငံခြားဘာသာစကား သို့မဟုတ် မိခင်ဘာသာစကားတွင်အသံကိုလည်း ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာတန်းထိုးများသည် ယေဘုယျအားဖြင့် စာကြောင်းနှစ်ကြောင်းထက်မပိုဘဲ ၎င်းတို့ကို အသံနှင့်ကိုက်၍ဖန်သားပြင်ပေါ်တွင်ပြထားသည်။ ဘာသာပြန်စာတန်းထိုးများ၏အားသာချက်များ ဘာသာပြန်စာတန်းထိုးများသည် နားလေးသူနှင့် နားမကြားသူများအတွက် သာမက ဗီဒီယိုတွင်ပြောသည့်ဘာသာစကားကို နားမလည်သူများအတွက်လည်းအကျိုးရှိသည်။ စာတန်းထိုးခြင်းသည်

နောက်ခံအသံထည့်ခြင်း သို့မဟုတ် စာတန်းထိုးခြင်း – သင်၏ဗီဒီယိုအတွက်အကောင်းဆုံးကဘာလဲ။ Read More »